Skip to main content

မိုက္ကရိုစကုပ် အီလက်ထရွန်မိုက္ကရိုစကုပ် ကိုးကား လမ်းညွှန်မီနူး

မိုက္ကရိုစကုပ်များ


ဂယ်လီလီယိုဇီဝဗေဒခန္ဓာဗေဒ












မိုက္ကရိုစကုပ်




ဝီကီပီးဒီးယား မှ






Jump to navigation
Jump to search


မိုက်က္ကရိုစကုပ်

ကျွန်ုပ်တို့၏ ခြေလက်အင်္ဂါစသော ကိုယ်ခန္ဓာအစိတ် အပိုင်းများတွင် ကုဋေပေါင်းများစွာသော သာမန်မျက်စိဖြင့်မမြင် နိုင်သော သက်ရှိ သတ္တဝါကလေးများ တရွရွ လှုပ်ရှားလျက်ရှိကြ သည်ဟုပြောလျှင် ယုံကြည်လိုသော်မှ ယုံကြည်ကြပေလိမ့်မည်။ သို့သော် စင်စစ် ထိုသက်ရှိ သတ္တဝါကလေးများ အထင်အရှား ရှိနေကြောင်းကိုကား မိုက္ကရိုစကုပ်မှန်ဘီလူးကို တီထွင်နိုင်ပြီ ဖြစ်သဖြင့်သိနိုင်ကြပေပြီ။


ဂရိဘာသာဖြင့် မိုက္ကရို မှာ သေးနုပ်ခြင်း၊ စကုပ် မှာ မြင်တွေ့ခြင်းဟူ၍ အဓိပ္ပာယ်ရသည်။ မိုက္ကရိုစကုပ်သည် အကြီးချဲ့ မှန်ဘီလူးများဖြင့် စီမံထားသော ကိရိယာတစ်ခုဖြစ်၏။ အကြီးချဲ့မှန်ဘီလူးများကို အလွန်ရှေးကျသော ကာလကပင် လူ များသိခဲ့ကြပြီးလျှင် ထိုမှန်ဘီလူးတို့၏ အကြီးချဲ့နိုင်သည့် သတ္တိ
ကို အံ့ဩခဲ့ကြလေသည်။ မှန်ဘီလူးများကို တစ်ခုတည်းမဟုတ် ဘဲ တစ်ခုပေါ်တစ်ခု ထပ်ဆင့်ခြင်းဖြင့် ပိုမိုကြီးမားစွာမြင်နိုင် သော မိုက္ကရိုစကုပ် မှန်ဘီလူးကို ခရစ် ၁၅၉ဝ နှင့် ၁၆၁ဝ ပြည့်နှစ်အတွင်းတွင်မှ ကမ္ဘာကျော် နက္ခတ္တဗေဒကဝိကြီး ဖြစ် သော ဂယ်လီလီယို ဆိုသူက ပထမဆုံးစတင်တီထွင် အသုံးပြု ခဲ့လေသည်။ တယ်လီစကုပ်အဝေးကြည့် မှန်ပြောင်းကိုလည်း ထိုပုဂ္ဂိုလ်ကြီးကပင် တီထွင်ခဲ့သည်။ တယ်လီစကုပ်ဖြင့် လူ၏ အသိဉာဏ် ဗဟုသုတကိုများစွာ တိုးတက်စေခဲ့သည်မှာ မှန်၏။ သို့သော်မိုက္ကရိုစကုပ်ဖြင့်သာ ကျွန်ုပ်တို့၏ ကျန်းမာမှုတို့သည် များစွာ သက်ဆိုင်ရကား အရေးကြီးသော အသိဉာဏ်ဗဟုသုတ မျိုးကို မိုက္ကရိုစကုပ်အားဖြင့် ရရှိခဲ့ခြင်းဖြစ်ပေသည်။ ဂယ်လီလီယို နောက် နှစ်ပေါင်း ၂ဝဝ ခန့်အတွင်း မိုက္ကရိုစကုပ်ဖြင့် ဇီဝဗေဒ နှင့် ခန္ဓာဗေဒ ဆိုင်ရာ ဆန်းသစ်သောအချက်အလက်များ ကို သိပ္ပံကဝိကြီးများသည် စောကြောရှာဖွေ တွေ့ရှိခဲ့ကြသည်။


မိုက္ကရိုစကုပ်သည်လည်း တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့ ၏။ ဟော်လန်နိုင်ငံမှ မျက်မှန်လုပ်ကိုင်သူ ဂျန်ဆင်၏ မှန် ပြောင်းသည် နဂိုဝတ္ထုထက် သုံးဆမျှ ပို၍အကြီးချဲ့ပေးနိုင်သည်။ ခရစ် ၁၆၇၃ ခုနှစ်တွင် ဒပ်ချ်လူမျိုး သိပ္ပံကဝိကြီး လေဗင်ဟွတ် ဆိုသူသည် မိုက္ကရိုစကုပ်များကို အများအပြား ပြုလုပ်ခဲ့သည့်ပြင် ယင်ကောင်၊ သန်း၊ အလှေးစသော ပိုးမွှားတို့သည် ရှေးက ထင် သကဲ့သို့ သံသေဒဇ ဖြစ်ပေါ်လာကြခြင်း မဟုတ်ဘဲ ဥများမှ
ပေါက်ဖွားခြင်း ဖြစ်ကြောင်းကို အခိုင်အမာဖော်ထုတ်ပြသနိုင်ခဲ့ လေသည်။ လေဗင်ဟွတ်ကို မိုက္ကရိုစကုပ်သိပ္ပံပညာ၏ ဖခင်ကြီး
ဟူ၍ ခေါ်ဝေါ်ကြသည်။


ရိုးရိုးမိုက္ကရိုစကုပ်တွင် တစ်မျိုးတစ်စားတည်းသော မှန် ဘီလူးတစ်ခု၊ သို့မဟုတ် တစ်ခုထက် ပိုမိုသောမှန်ဘီလူးများ ပါဝင်ပြီး ကြည့်ရှုလိုသော အရာဝတ္ထုကို တိုက်ရိုက်ကြည့်ရှုနိုင် သည်။ ရိုးရိုးမိုက္ကရိုစကုပ်ထက် ပိုမိုကောင်းမွန်သော ကွန်ပေါင်း မိုက္ကရိုစကုပ်၏ မှန်ပြောင်းတွင် မှန်ဘီလူးနှစ်မျိုး ပါဝင်သည်။ ပထမ အော့ဗဂျက်တစ် ခေါ် အောက်အဝနားရှိ ပုံဖမ်းမှန်ဘီလူး သည် အရာဝတ္ထု၏ ပြောင်းပြန်အရိပ်ကို အကြီးချဲ့ကာထင်လာ
စေသည်။ ဒုတိယအော့ကျူလာခေါ် ကြည့်မှန်ဘီလူးမှာ အထက် အဝဖက်၌ရှိပြီးလျှင် ပုံဖမ်းမှန်ဘီလူးမှ နဂိုအတိုင်းပြန်လည် ပြောင်းလဲ၍ ထွက်လာသော ပြောင်းပြန်အရိပ်ကို ထပ်မံ၍အကြီး ချဲ့ပေးသည်။ ကြည့်မှန်ဘီလူး၏ ဘေးဖက်ရှိ ခလုတ်ဘီးကလေး ကို လှည့်ပေးခြင်းဖြင့် အရာဝတ္ထုကို အနေအထား အမျိုးမျိုးထား ၍ ကြည့်ရှုရန်နှင့် အကွာအဝေးအမျိုးမျိုး၌ ကြည်လင်ပြတ်သား စွာမြင်နိုင်ရန် ချိန်ပေးနိုင်သည်။ မှန်ပြောင်း၌ မိုက္ကရိုမီတာခေါ်
အဏုစိတ်တိုင်းတာသည့် ကိရိယာလည်းပါဝင်၍ ထိုကိရိယာဖြင့် ကြည့်ရှုသည့်ဝတ္ထု၏ အတိုင်းအတာကို တိကျစွာတိုင်းတာနိုင်ပေ သည်။


ရိုးရိုး မိုက္ကရိုစကုပ်သည် အရာဝတ္ထုကို အဆတစ်ရာ လောက်သာ အကြီးချဲ့ပေးနိုင်သည်။ ကွန်ပေါင်းမိုက္ကရိုစကုပ် မူကား အဆပေါင်း ငါးထောင်အထိပင် အကြီးချဲ့ပေးနိုင်စွမ်းရှိ သည်။ မိုက္ကရိုစကုပ်၏ စွမ်းရည်ကောင်းသည်မှာ ပါဝင်သော မှန်ဘီလူးအစားစား၏ စွမ်းရည်ကြောင့်သာမက ပုံဖမ်းမှန်ဘီလူး
နှင့် ကြည့်မှန်ဘီလူးတို့၏ အကွာအဝေးကြောင့်လည်း ဖြစ်နိုင် ပေသည်။


အရာဝတ္ထုတစ်ခုခုကို မိုက္ကရိုစကုပ်ဖြင့် ကြည့်ရှုလိုလျှင် အရာဝတ္ထုကို ဖန်ချပ်ငယ်နှစ်ခုအကြား၌ ညှပ်၍ မှန်ပြောင်း၏ ပြောင်းလုံး ပြွန်အောက် တည့်တည့်၌ ထားရသည်။ ထိုအပေါ်သို့ တောက်ပသော အလင်းရောင် ထိုးပေးထားရသည်။ ထို့နောက် အလင်းဆုံချက် အကွာအဝေးမှန်ကန်၍ ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန် အထက်ဖော်ပြခဲ့သည့်အတိုင်း ပြုပြင်ပေးရသည်။ မိုက္ကရိုစကုပ်ဖြင့် ကြည့်ရှုသောအခါ၌ နောက်ကျိသော ရေအိုင်
တစ်ခုမှ ရေတစ်စက်မှာ ကန်ကြီးတစ်ခုသဖွယ် ဖြစ်နေလျက် ထိုရေစက်အထဲ၌ ဆန်းပြားလှသော အကောင်ငယ်ကလေးများ ကူးသန်းလှုပ်ရှားလျက် ရှိကြသည်ကို တွေ့နိုင်သည်။ ပျားငယ် တစ်ကောင်၏ ရှေ့ခြေထောက်မှ အမွေးအမှင်များကိုပင် တွေ့မြင် စစ်ဆေးနိုင်သည်။ ကျွန်ုပ်တို့၏ ကမ္ဘာကြီးအတွင်း သာမန် မျက်စိဖြင့် မမြင်နိုင်ဘဲ မိုက္ကရိုစကုပ်ဖြင့်သာ မြင်နိုင်သောပိုးမွှား များမှာ အလွန်များပြားပေသည်။ လူတစ်ယောက်၏ ကိုယ်ခန္ဓာ အတွင်းအပြင်၌ ရှိသော ပိုးမွှားများ၏ အရေအတွက်သည် ကမ္ဘာ ပေါ်၌ ကမ္ဘာဦးမှစ၍ ယနေ့တိုင် နေထိုင်ခဲ့ကြသော လူဦးရေ ထက် ပို၍ များပြားလေသည်။


ထိုပိုးမွှားတို့၏အကြောင်းကို သိရှိနားလည်ရန်မှာ လွန် စွာအရေးကြီးပေသည်။ ယင်းတို့မရှိလျှင် အသက်ရှင်လျက်နေနိုင် ကြမည်မဟုတ်ပေ။ အချို့ပိုးမွှားများမှာ မကောင်းသောပိုးမွှားဖြစ် ၍ ကျွန်ုပ်တို့ကို ဖျားအောင်သော်လည်းကောင်း၊ သေအောင် သော်လည်းကောင်း၊ ပြုလုပ်နိုင်ကြသည်။ အခြားပိုးမွှားတို့မှာ မ ကောင်းသောပိုးမွှားတို့ကို သတ်ပစ်ကြသဖြင့် ကျွန်ုပ်တို့၏ကျေး ဇူးရှင်များဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘေးဥပဒ်
ဖြစ်စေသည့် မကောင်းသောပိုးမွှားတို့အား နိုင်နင်းစေရန်နှင့် ကောင်းသောပိုးမွှားတို့အား မည်သို့ပြုစုဂရုစိုက်ရမည်ကို ရှာဖွေ ကြံဆနိုင်ခဲ့ကြသည်။ မိုက္ကရိုစကုပ်သာ မပေါ်ပေါက်ခဲ့လျှင် ဤ သို့ ကြံစည်နိုင်ခဲ့ကြမည် မဟုတ်ပေ။ ယခုမူ မိုက္ကရိုစကုပ်မှ ရရှိ သောကျေးဇူးများကြောင့် များစွာသော ကြောက်မက်ဖွယ်ကောင်း သည့် ရောဂါဆိုးတို့ကိုပင် ပပျောက်ကင်းဝေးစေနိုင်ခဲ့ပြီဖြစ် သည်။ မိုက္ကရိုစကုပ်၏ အကျိုးကျေးဇူးများမှာ ဤမျှသာ မက
သေး၊ သွန်းလုပ်နေသော သတ္တု၏အမှုန်ကလေးများတွင်ပင် မည်သို့ဖြစ်နေသည်ကို သိနိုင်လာသဖြင့် အလွန်ခိုင်ခံ့ အသုံးဝင် လှသော သံမဏိကို ဖြစ်ပေါ်စေနိုင်ခဲ့သည်။ စက္ကူလုပ်ငန်း၊ ဆေးဆိုးလုပ်ငန်းတို့နှင့် အစားအသောက်များ သန့်မသန့်စစ် ဆေးရန် စသောလုပ်ငန်းအများအပြားတွင်လည်း မိုက္ကရိုစကုပ်က ဆောင်ရွက်ပေးနိုင်ခဲ့သည်။


မိုက္ကရိုစကုပ်သည် ထိုမျှ စွမ်းရည်သတ္တိရှိနေပြီးဖြစ်သော် လည်း စကြဝဠာအတွင်းရှိ အရာဝတ္ထုဟူသမျှ အားလုံးကိုကား မမြင်နိုင်သေးပေ။ အရာဝတ္ထုတစ်ခုကို မြင်ရခြင်းမှာ အလင်း ဆိုင်ရာ သိပ္ပံပညာအရ အရာဝတ္ထုမှ အလင်းလှိုင်း ပြန်လည် ရိုက်ဟပ်သည်ကို မြင်ရခြင်းဖြစ်သည်။ ပုံပမာ ကျောက်စရစ်ခဲ ငယ်ကလေးသည် ပင်လယ်ဒီလှိုင်း၌ မည်သို့မျှ အရာမထင်စေ သကဲ့သို့ မော်လီကျူး၊ အက်တမ်၊ အီလက်ထရွန်တို့သည်
အလင်းလှိုင်းအလျားထက် များစွာသေးငယ်လှသဖြင့် အလင်း လှိုင်းများကို ပြန်လည်ရိုက်ဟပ်ခြင်း မပြုလုပ်နိုင်ကြချေ။ ထို့ ကြောင့် မော်လီကျူး၊ အက်တမ်၊ အီလက်ထရွန်တို့ကို မိုက္ကရို စကုပ်ဖြင့် မမြင်စွမ်းနိုင်သေးပေ။ သို့ရာတွင် ထိုမြူမှုန်တို့၏ ပုံ သဏ္ဌာန်နှင့် အရွယ်တို့ကို တိကျစွာ မသိနိုင် သေးသော်လည်း ယင်းတို့၏ အရိပ်အရောင်ကိုမူ အာလ်ထရာမိုက္ကရိုစကုပ်ခေါ် နောက်ဆုံး ဆန်းသစ်တိုးတက်လာသော မိုက္ကရိုစကုပ်တစ်မျိုးဖြင့်
တွေ့နိုင်ပြီဖြစ်သည်။ ထိုမြူမှုန်တို့သည် အလင်းလှိုင်းအား ပြန် လည်မရိုက်ဟပ်နိုင်သည့်တိုင်အောင် ပတ်ဝန်းကျင်သို့ အလင်း လှိုင်းအား ကျဲဖြန့် သွားစေနိုင်သည်။ အနက်ရောင်နောက်ခံပေါ်၌ ထိုမြူမှုန်တို့မှ ကျဲပြန့်ထွက်လာသော အလင်းလှိုင်းကို တောက် ပသည့် အစက်ငယ်ကလေးသဖွယ် မြင်နိုင်ပေသည်။ အလွန် ကောင်းသော ရိုးရိုးမိုက္ကရိုစကုပ်ဖြင့် အချင်းမိုက်ကရွန် အနည်း ငယ်မျှရှိသောအရာတို့ကို မြင်နိုင်၍ အာလထြာ မိုက္ကရိုစကုပ်ဖြင့်
ဆိုလျှင် မိုက်ကရွန်၏ တစ်ထောင်ပုံတစ်ပုံအောက်ထက် သေး ငယ်သောအရာတို့ကို မြင်နိုင်ပေသည်။ မိုက်ကရွန် တစ်ခုသည် ၁/၂၅ဝဝဝ လက်မနှင့် ညီမျှ၏။မိုက္ကရိုစကုပ်တွင်အသုံးပြုသော မှန်ဘီလူးများနှင့် စပ် လျဉ်း၍ ဖြစ်ပေါ်သောချွတ်ယွင်းချက်များကို ယခုအခါ ပြင်ဆင် နိုင်ပြီဖြစ်၏။ မှန်ဘီလူးများကို ဖလင့်ဖန်ဖြင့် ပြုလုပ်သော မှန် ဘီလူးများနှင့် ကရောင်းဖန်ဖြင့်ပြုလုပ်သော မှန်ဘီလူးများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကောင်းမွန်စေခဲ့ပြီဖြစ်သည်။ ယခု အခါတွင် မိုက္ကရိုစကုပ်များဖြင့် ရုပ်သေဓာတ်ပုံများကိုသာမက ရုပ်ရှင်ဓာတ်ကားများပင် ရိုက်ကူးပြသနိုင်ပြီဖြစ်သည်။



အီလက်ထရွန်မိုက္ကရိုစကုပ်


အာလထြာ မိုက္ကရိုစကုပ်သည် ရိုးရိုးမိုက္ကရိုစကုပ်ထက် များစွာအားကောင်းသဖြင့် ရိုးရိုးမိုက္ကရိုစကုပ်ဖြင့် မမြင်နိုင်သော အရာများကို မြင်နိုင်သည်။ သို့သော်လည်း အာလ်ထရာ မိုက္ကရို စကုပ်နှင့်ကြည့်၍ မမြင်နိုင်သော အရာများရှိနေပြန်သေးရာ အာလ်ထရာမိုက္ကရိုစကုပ်ထက် ပိုမို၍အဏုစိတ်မြင်နိုင်သည့် အီလက် ထရွန်မိုက္ကရိုစကုပ်ကို စီမံ တီထွင်ရပြန်လေသည်။မိုက္ကရိုစကုပ်နှင့် အီလက်ထရွန် မိုက္ကရိုစကုပ်တို့သည် အခြေခံသဘောအားဖြင့် တူကြသည်။ အလင်းရောင်၏ အကူ အညီကိုယူကာ ရိုးရိုးမိုက္ကရိုစကုပ်က လိုရာပုံသဏ္ဌာန်ကို အကြီး ချဲ့၍ မြင်စေနိုင်သည်။ ဤကဲ့သို့မြင်ရာ၌ ရိုးရိုးမိုက္ကရိုစကုပ်
ဆိုလျှင် နဂိုဝတ္ထုကိုအဆပေါင်း ၃ယဝဝဝ ထက် ပို၍အကြီးချဲ့ရန် မတတ်နိုင်ချေ။ အီလက်ထရွန် မိုက္ကရိုစကုပ် ဆောင်ရွက်ပုံသည် ရိုးရိုး မိုက္ကရိုစကုပ် ဆောင်ရွက်ပုံနှင့် များစွာမခြားနားပေ။ အီ လက်ထရွန် မိုက္ကရိုစကုပ်တွင် အလင်းရောင်အစား အီလက်ထရွန်ကို အသုံးပြုခြင်းဖြင့် ဝတ္ထု၏သဏ္ဌာန်ကို အဆပေါင်းများစွာ ချဲ့ပေးနိုင်သည်။ အီလက်ထရွန် မိုက္ကရိုစကုပ်၏ စွမ်းအားဖြင့် ရိုးရိုး မိုက္ကရိုစကုပ်ဆောင်ရွက်ပုံနှင့် များစွာမခြားနားပေ။ အီ
လက်ထရွန် မိုက္ကရိုစကုပ်တွင် အလင်းရောင်အစား အီလက်ထ ရွန်ကို အသုံးပြုခြင်းဖြင့် ဝတ္ထု၏သဏ္ဌာန်ကို အဆပေါင်းများစွာ ချဲ့ပေးနိုင်သည်။ အီလက်ထရွန် မိုက္ကရိုစကုပ်၏ စွမ်းအားဖြင့် နဂိုဝတ္ထုကို အဆပေါင်း ၃ဝဝ,ဝဝဝအထိ ချဲ့ပေးနိုင်ခဲ့ပေပြီ။ နောင်တွင် ထိုထက်ပို၍ ချဲ့ပေးနိုင်လာပေဦးမည်။ အီလက်ထရွန် မိုက္ကရိုစကုပ်မှာ ဈေးကြီးလွန်းလှသည်ဖြစ်ရာ ကမ္ဘာပေါ်တွင် အမြောက်အမြား မရှိပေ။


အီလက်ထရွန် မိုက္ကရိုစကုပ်သည် အမြင့် ၇ ပေခန့်ရှိ၍ ထိပ်ဖက်တွင် ဗို့အား ၆ဝ,ဝဝဝ နှင့် အီလက်ထရွန်များကို လွှတ်နိုင်သော ကက်သုတ် (ဓာတ်မတိုင်) ရှိသည်။ အီလက် ထရွန် မိုက္ကရိုစကုပ်တွင်ရှိသော သံလိုက်သည် လျှပ်စစ်ဓာတ် စီးဝင်နေသော ဝိုင်ယာကြိုးကို ဆွဲငင်ယူယင်း အီလက်ထရွန်များ
ကို တသီတတန်းကြီး ဆွဲငင်ယူသည်။ စက်ဝိုင်းပုံရှိသော သံ လိုက်သည် မျဉ်းပြိုင်တန်းလျက်ရှိသော အီလက်ထရွန်တို့ကို မှန်ဘီလူးက အလင်းတန်းများတစ်နေရာ၌ စုဆုံကျရောက်စေ သကဲ့သို့ စုဆုံကျရောက်စေသည်။ ထိုသံလိုက်မျိုး၏ ပုံကိုလုပ် ရာ၌ မှန်ဘီလူး၏ပုံကို လုပ်ရသည်ထက် စေ့စပ်သေချာရပေ သည်။ အီလက်ထရွန်တန်းသည် သံလိုက် မှန်ဘီလူး ၃ထပ်ကို တစ်ထပ်ပြီးတစ်ထပ် ထွင်းဖြတ်သွားပြီးနောက် ဓာတ်ပုံရိုက်ရန်
ဖြစ်သော အရာဝတ္ထုကို ဖြတ်သွားသည်။ ထိုသံလိုက် မှန်ဘီလူး ၃ ခုမှာ ရိုးရိုးမိုက္ကရိုစကုပ်၌ရှိသော ကွန်ဒင်းဆား၊ အော့ဗဂျက် တစ်၊ အော့ကျူလာမှန်ဘီလူး ၃ ခုနှင့် ကိုက်ညီလေသည်။ ယင်းသို့ အီလက်ထရွန်များ ဖြတ်သွားနိုင်ရန် အီလက်ထရွန် မိုက္ကရိုစကုပ်တွင် ပလာနယ်ဖြစ်နိုင်သမျှဖြစ်ရန် အရေးကြီးပေ
သည်။ ဆီးနှင်းသည် အလင်းတန်းများကို တစ်ကွဲတစ်ပြားစီ ဖြစ်စေသကဲ့သို့ လေသည်လည်း အီလက်ထရွန်တန်းများကို တစ်ကွဲတစ်ပြားစီ ဖြစ်စေတတ်သည်။ ရိုးရိုးမိုက္ကရိုစကုပ်မှာကဲ့သို့ ရိုက်ကူးမည့်ပုံကို မှန်ပြားပေါ်တွင် တင်ထား၍မရပေ။ အလွန် ပါးလွှာလှသော ဆဲလျူလို့ပေါ်တွင် တင်ထားရသည်။


ယခုအခါ စက်မှုလက်မှုဆိုင်ရာ ဓာတုဗေဒပညာရပ် အတွက် ဤကိရိယာကို ကောင်းစွာအသုံးချနေကြလေပြီ။ ရိုးရိုး မိုက္ကရိုစကုပ်ဖြင့် ကြည့်လျှင် မထင်မရှား မှုန်မွှားမွှားမျှသာ တွေ့ရ သော အပြောက်အစက်များကို အီလက်ထရွန် မိုက္ကရိုစကုပ်ဖြင့် ကြည့်လျှင် ထင်ရှားစွာတွေ့နိုင်ပေသည်။ အလွန် အသေးစိတ် ကြည့်ရှုရန်လိုအပ်သော နက္ခတ္တဗေဒနှင့် လေကြောင်းဖက်ဆိုင်ရာ ဓာတ်ပုံများအတွက် အီလက်ထရွန်မိုက္ကရိုစကုပ်သည် များစွာ
အသုံးဝင်ပေသည်။ အီလက်ထရွန် မိုက္ကရိုစကုပ်၏ အကူအညီ ဖြင့် စက်မှုလက်မှုဆိုင်ရာ ဓာတုဗေဒပညာကျော်များသည်လည်း သတ္တုအမျိုးမျိုးကို သေချာစွာ လေ့လာနိုင်ကြပေပြီ။ ဤကိရိယာ ၏အကူအညီဖြင့် ပိုးနှင့် ရေယွန်တို့ကိုတုနိုင်သော နိုင်လွန်နှင့် ဗင်ယွန်မျှင်များကို အောင်မြင်စွာ လုပ်ယူနိုင်ပေပြီ။ ဓာတုဗေဒ ပညာတွင် စာတွေ့ဖြင့် သိရှိကျေနပ်နေခဲ့ရသည့် မော်လီကျူလာ သီအိုရီကိုလည်း လက်တွေ့အားဖြင့် တကယ်မှန်ကန်ကြောင်း
သိလာနိုင်သည်မှာ ဤကိရိယာ၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ အကြောင်းကား ပရိုတင်း၏ မော်လီကျူးများကို အီလက်ထရွန် မိုက္ကရိုစကုပ်ဖြင့် ထင်ရှားစွာ ဓာတ်ပုံရိုက်ကူးနိုင်သောကြောင့်ပင် ဖြစ်သည်။ အလွန်သေးငယ်လှသော သတ္တဝါကလေးများ၏ လောကကို စစ်ဆေးကြည့်ရှုရာ၌ အီလက်ထရွန် မိုက္ကရိုစကုပ်၏ အကူအညီကို များစွာရပေသည်။ အမြင်အားဖြင့် ချော၍နေသော ပစ္စည်းများကိုလည်း အီလက်ထရွန် မိုက္ကရိုစကုပ်ဖြင့် ကြည့်လျှင် တစ်ကယ်အသားညီမညီ ကောင်းစွာ စမ်းသပ်သိရှိနိုင်ပေသည်။ နောင်တွင်လည်း စက်မှုအခက်အခဲများကြောင့် စမ်းသပ်ရန်မဖြစ်
နိုင်သေးသည့် အရာဝတ္ထုအမျိုးမျိုး၏ မူလသဘာဝကို တိကျ သေချာစွာ လေ့လာနိုင်ကြပေမည်။ အီလက်ထရွန် မိုက္ကရိုစကုပ် ဖြင့် အလွန့်အလွန် အသေးစိတ်မြင်နိုင်သည် မှန်သော်လည်း အသုံးပြုရာ၌ မကောင်းသော အချက်တစ်ချက်ရှိပေသည်။ ထို အချက်မှာ ရိုးရိုးမိုက္ကရိုစကုပ်ကဲ့သို့ လွယ်လင့်တကူ အသုံးမပြု နိုင်ဘဲ ပလာနယ်တွင် အသုံးပြုရသောကြောင့် ဖြစ်ပေသည်။ လေဝင်မည်ကို အထူးသတိပြုရသဖြင့် အီလက်ထရွန် မိုက္ကရို စကုပ်ကို အသုံးပြုသည့်အခါတွင် အရည်များ၏ သဘာဝကို လေ့လာရန် များစွာခဲယဉ်းလှပေသည်။


အီလက်ထရွန် မိုက္ကရိုစကုပ်ကို ယခုအချိန်တွင်သော် လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း အများဆုံး အသုံး ချရမည့် ပညာရပ်မှာ ဇီဝဗေဒပညာရပ်ဖြစ်သည်။ ရိုးရိုး မိုက္ကရိုစကုပ်ဖြင့် မြင်ရုံသာမြင်ရပြီးလျှင် ကိုယ်ခန္ဓာအစိတ်အပိုင်း ကို ခွဲခြားမသိနိုင်သော ဗက်တီးရီးယားများကို အီလက်ထရွန် မိုက္ကရိုစကုပ်ဖြင့် ကောင်းစွာသိနိုင်ပြီ ဖြစ်သည်။ ဗိုင်ဩလိုဂျီ အတွက်သာမကဘဲ ဆေးပညာဖက်ဆိုင်ရာတွင်လည်း အီလက်ထ
ရွန် မိုက္ကရိုစကုပ်သည် အသုံးဝင်လှ၏။ သေးငယ်လှသော သတ္တဝါကလေးများကို တွေ့နိုင်ခြင်းအားဖြင့် (က) ထိုသတ္တဝါ ကလေးများအား ချေမှုန်းပစ်ရန်နှင့် (ခ) ကောင်းကျိုးပေးပါက မွေးမြူရန် နည်းလမ်းများကို ရှာဖွေနိုင်ကြပေပြီ။[၁]





ကိုးကား



  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)




"https://my.wikipedia.org/w/index.php?title=မိုက္ကရိုစကုပ်&oldid=464384" မှ ရယူရန်










လမ်းညွှန်မီနူး


























(RLQ=window.RLQ||[]).push(function()mw.config.set("wgPageParseReport":"limitreport":"cputime":"0.032","walltime":"0.038","ppvisitednodes":"value":23,"limit":1000000,"ppgeneratednodes":"value":0,"limit":1500000,"postexpandincludesize":"value":0,"limit":2097152,"templateargumentsize":"value":0,"limit":2097152,"expansiondepth":"value":2,"limit":40,"expensivefunctioncount":"value":0,"limit":500,"unstrip-depth":"value":0,"limit":20,"unstrip-size":"value":324,"limit":5000000,"entityaccesscount":"value":0,"limit":400,"timingprofile":["100.00% 0.000 1 -total"],"cachereport":"origin":"mw1246","timestamp":"20190706184809","ttl":2592000,"transientcontent":false););"@context":"https://schema.org","@type":"Article","name":"u1019u102du102fu1000u1039u1000u101bu102du102fu1005u1000u102fu1015u103a","url":"https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%80%E1%80%9B%E1%80%AD%E1%80%AF%E1%80%85%E1%80%80%E1%80%AF%E1%80%95%E1%80%BA","sameAs":"http://www.wikidata.org/entity/Q196538","mainEntity":"http://www.wikidata.org/entity/Q196538","author":"@type":"Organization","name":"u101du102eu1000u102eu1019u102eu1012u102eu101au102c u1015u101bu1031u102cu1002u103bu1000u103au1019u103bu102cu1038u101eu102du102fu1037 u1015u1036u1037u1015u102du102fu1038u101eu1030u1019u103bu102cu1038","publisher":"@type":"Organization","name":"Wikimedia Foundation, Inc.","logo":"@type":"ImageObject","url":"https://www.wikimedia.org/static/images/wmf-hor-googpub.png","datePublished":"2011-08-22T07:21:45Z","dateModified":"2019-07-06T17:37:23Z","image":"https://upload.wikimedia.org/wikipedia/commons/a/a5/Compound_Microscope_%28cropped%29.JPG"(RLQ=window.RLQ||[]).push(function()mw.config.set("wgBackendResponseTime":129,"wgHostname":"mw1332"););

Popular posts from this blog

Canceling a color specificationRandomly assigning color to Graphics3D objects?Default color for Filling in Mathematica 9Coloring specific elements of sets with a prime modified order in an array plotHow to pick a color differing significantly from the colors already in a given color list?Detection of the text colorColor numbers based on their valueCan color schemes for use with ColorData include opacity specification?My dynamic color schemes

Invision Community Contents History See also References External links Navigation menuProprietaryinvisioncommunity.comIPS Community ForumsIPS Community Forumsthis blog entry"License Changes, IP.Board 3.4, and the Future""Interview -- Matt Mecham of Ibforums""CEO Invision Power Board, Matt Mecham Is a Liar, Thief!"IPB License Explanation 1.3, 1.3.1, 2.0, and 2.1ArchivedSecurity Fixes, Updates And Enhancements For IPB 1.3.1Archived"New Demo Accounts - Invision Power Services"the original"New Default Skin"the original"Invision Power Board 3.0.0 and Applications Released"the original"Archived copy"the original"Perpetual licenses being done away with""Release Notes - Invision Power Services""Introducing: IPS Community Suite 4!"Invision Community Release Notes

François Viète Contents Biography Work and thought Bibliography See also Notes Further reading External links Navigation menup. 21Google Bookspp. 75–77Google BooksDe thou (from University of Saint Andrews)ArchivedGoogle BooksGoogle BooksGoogle BooksGoogle booksGoogle Bookscc-parthenay.frL'histoire universelle (fr)Universal History (en)ArchivedAdsabs.harvard.eduPagesperso-orange.frArchive.orgChikara Sasaki. Descartes' mathematical thought p.259Google BooksGoogle BooksGoogle Bookspp. 152 and onwardGoogle BooksGoogle BooksScribd.comGoogle Books1257-7979Google BooksGoogle BooksGoogle BooksGoogle BooksGoogle BooksGoogle BooksGallica.bnf.frGoogle BooksGoogle Books"François Viète"Francois Viète: Father of Modern Algebraic NotationThe Lawyer and the GamblerAbout TarporleySite de Jean-Paul GuichardL'algèbre nouvelle"About the Harmonicon"cb120511976(data)1188044800000 0001 0913 5903n82164680ola2013766880073431702w6vt1sb70287374827140948071409480