ကွန်ဒုံး မာတိကာ Condom လမ်းညွှန်မီနူး
လိင်
Template:Infobox Birth controlလိင်ဆက်ဆံရာတွင်ယောက်ျား လိင်တံသုတ်ကောင်များသန္ဓေတားရန်လိင်မှ ကူးစက်တပ်သော ရောဂါများမိုက်ခွက်ရိုင်ဖယ်သေနက်ပြောင်းများ
ကွန်ဒုံး
Jump to navigation
Jump to search
Template:Infobox Birth control
အမျိုးသားသုံး ကွန်ဒုံး
အမျိုးသမီးသုံး ကွန်ဒုံး
မာတိကာ
၁ Condom
၁.၁ အဓိကအချက်များ
၁.၂ အလုပ်လုပ်ပုံ
၁.၃ ထိရောက်မှု
Condom
ကွန်ဒုံး (condom) သည် လိင်ဆက်ဆံရာတွင် အသုံးများသော ပစ္စည်းဖြစ်သည်။ ကွန်ဒုံကို တင်းမာနေသော ယောက်ျား လိင်တံ တွင် စွပ်ထားပြီး ပန်းထွက်လာမည့် သုတ်ကောင်များအား တဖက် လိင်ဆက်ဆံသူ၏ ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်စေရန် တိုက်ရိုက် တွေ့ထိမှုကို ပိတ်၍ ကာကွယ်ပေးထားသည်။ ကွန်ဒုံးကို သန္ဓေတားရန်နှင့် လိင်မှ ကူးစက်တပ်သော ရောဂါများကို ကာကွယ်ရန် သုံးသည်။
ကွန်ဒုံသည် ရေလုံပြီး ပျော့ပြောင်း၍ ခိုင်မာသောကြောင့် အခြားသောသုံးစွဲမှုများလည်းရှိသည်။ ၎င်းတို့မှာ ရေလုံ မိုက်ခွက်တို့မှ ရိုင်ဖယ်သေနက်ပြောင်းများ ကာကွယ်ရန် အထိသုံးသည်။
အဓိကအချက်များ
- အမျိုးသားကွန်ဒုံးသည် ခုခံအားကျဆင်းမှုရောဂါအပါအဝင် လိင်မှတဆင့်ကူးစက်သောရောဂါများကို ကာကွယ်သည်။ ထို့အပြင် ကိုယ်ဝန်မရစေရန်နှင့် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ ၂ခုစလုံးကို ကာကွယ်နိုင်သော တစ်ခုတည်းသော ပစ္စည်းဖြစ်သည်။
- အထိရောက်ဆုံးကာကွယ်မှုကို ရရှိနိုင်ရန် လိင်ဆက်ဆံမှုတိုင်းတွင်မှန်ကန်စွာသုံးစွဲရန် လိုအပ်သည်။
- လိင်ဆက်ဆံဖော်နှစ်ဦးလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါသည်။ ဆက်ဆံမှုမပြုမှီ ကွန်ဒုံးအကြာင်း ပြောကြခြင်းဖြင့် မိမိ၏အဖော် အားအသုံးပြုလာစေရန် ဆွဲဆောင်နိုင်သည်။
အလုပ်လုပ်ပုံ
ကွန်ဒုံးသည်အတားအဆီးတစ်ခုဖြစ်ပြီး အမျိုးသား၏ သုတ်ပိုးများ အမျိုးသမီး၏ မိန်းမကိုယ်အတွင်း မဝင်ရောက်နိုင်စေရန် ထိန်းသိမ်းပေးနိုင်သည်။
ထိရောက်မှု
နည်းလမ်းမှန်မှန်အမြဲသုံးစွဲပါက ထိရောက်မှုရှိပါသည်။ တစ်နှစ်တိတိ နည်းလမ်းမှန်စွာသုံးစွဲသော ဇနီးမောင်နှံ၁၀၀ လျှင် နှစ်ဦးခန့်သာ ကိုယ်ဝန်ရနိုင်သည်။ နည်းလမ်းမမှန်မကန်သုံးစွဲသောအိမ်ထောင်စုများအနက် ၁၀၀ လျှင် ၁၅ ဦးအထိ ကိုယ်ဝန်ရှိကြောင်းသိရသည်.။
ကိုကွန်ဒုံးအသုံးပြုရန် သင့်တော်သူများ
- ကာလသားရောဂါများ (သို့) HIV ပိုး ကူးစက်ခံရရန် အန္တရယ်ရှိသူများ (သို့) စုံတွဲများ
- အခြားရောဂါများကြောင့် ပိုမိုထိရောက်သော နည်းလမ်းများကို အသုံးမပြုနိုင်သော အမျိုးသမီးများ
- သားဆက်ခြားရန် လိုအပ်သော နို့တိုက်မိခင်များ
- အခြားအရံနည်းလမ်းကို တွဲသုံးရန်လိုအပ်သော အမျိုးသမီးများ
ကဏ္ဍ:
- လိင်
(window.RLQ=window.RLQ||[]).push(function()mw.config.set("wgPageParseReport":"limitreport":"cputime":"0.024","walltime":"0.030","ppvisitednodes":"value":23,"limit":1000000,"ppgeneratednodes":"value":0,"limit":1500000,"postexpandincludesize":"value":35,"limit":2097152,"templateargumentsize":"value":0,"limit":2097152,"expansiondepth":"value":2,"limit":40,"expensivefunctioncount":"value":0,"limit":500,"unstrip-depth":"value":0,"limit":20,"unstrip-size":"value":0,"limit":5000000,"entityaccesscount":"value":0,"limit":400,"timingprofile":["100.00% 0.996 1 Template:Infobox_Birth_control","100.00% 0.996 1 -total"],"cachereport":"origin":"mw1318","timestamp":"20190327071819","ttl":2592000,"transientcontent":false);mw.config.set("wgBackendResponseTime":141,"wgHostname":"mw1268"););